05 February, 2008

သူငယ်ချင်းထံ ပြန်ပေးစာ(၁)

သူငယ်ချင်း အာသီသ၊

မင်းရဲ့စာကိုငါဖတ်ရပါတယ်။
မင်းအဆင်ပြေတယ်ဆိုလိုအရမ်းဝမ်းသာပါတယ်သူငယ်ချင်း။
ငါကိုသတိတယမင်းရဲ့ကိုယ်ပိုင်အချိန်တွေကိုသုံးပြီးစာတွေရေးတဲ့အတွက်လဲ
ဲကျေးဇူးအထူးတင်ပါတယ်။

ဒါပေမဲ့လည်းငါစာချက်ချင်းမပြန်ရေးနိုင်တာကိုတော့ခွင့်လွတ်စေချင်တယ်။
အကြောင်းတွေကတော
့ဒီမှာကမင်းတို့ရေးတဲ့စာတွေကိုငါတို့တွေဖတ်လို့ရအောင်မနည်း
ကြိုးစားရတယ်။
ပြန်ပြီးမင်းရဲ့ဘလော့ခ်မှာ ပြန်စာရေးဖို့ဆိုတာကတော့အတော်ကိုကြိုးစားရပါတယ်။

မင်းလဲသိပါတယ်။ ငါဆင်ခြေပေးတာတော့မဟုတ်ပါဘူး။တို့ ဆီမှာကဒီလိုဘဲမဟုတ်လား။
ငါမင်းတိုအတွက်အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်။မင်းတို့တတွေဟာကိုယ်ရဲ့ယုံကြည်
ရာကိုဆုံးဖြတ်ချက်သေသေချာချာချပြီး
အောင်မြင်အောင်သေသေချာချာလုပ်ကိုင်တတ်တဲ့အတွက်
ဒီလိုမျိုးမင်းတို့တတွေအောင်မြင်တာပေါ့။

နောက်တခုကအရေးအကြီးဆုံးဖြစ်
တဲ့မင်းတို့ ရဲ့စိတ်ဓါတ်။လေးစားပါတယ်သူငယ်ချင်း။
အရမ်းလေးစားပါတယ်သူငယ်ချင်း။

ငါမင်းတို့ပေးတဲ့အဆက်အသွယ်တွေနဲ့
မင်းတိုလိုဖြစ်အောင်ကြိုးစားပါမယ့်သူငယ်ချင်း။
ဒီလိုမျိုးဆက်သွယ်ပေးတာကိုကမင်းတိုတာဝန်ကျေပါတယ်။

မင်းသိပါတယ်တို့ ဗမာတွေဟာနိုင်ငံခြားကိုသွားဖို့ 
အတွက်ဝန်ဆောင်ခဆိုတာပေးရတယ်။
ဂျပန်ဆိုရင်အတော်ကိုပေးရတယ်လို့ငါကြားတယ်။
ဒီလိုဘဲတခြားနိုင်ငံတွေဆိုရင်လဲပေးရတာဘဲ။
ဒါကိုမင်းတို့ကခြေဖျက်ပြစ်လိုက်တာဘဲ။

ကိုယ့်ရဲ့ဗမာတွေ၊ဗမာပြည်ကသူငယ်ချင်းတွေကိုလမ်းဖွင့်ပေးလိုက်တာဘဲ။

ဒါမှငါတိုသူငယ်ချင်းတွေရဲ့မျိုးချစ်စိတ်ဓါတ်၊
ကိုရဲ့သူငယ်ချင်းတွေအလုပ်ကောင်းတွေရဖို့အတွက
်မင်းတို့ရဲ့ဘလော့ခ်တွေမှာအလုပ်ကြော်ငြာတွေနဲ့ ပြည့် နေခဲ့ တယ်။
မင်းတို့ ရဲ့ကိုယ်ပိုင်အချိန်တွေကို သူငယ်ချင်းတွေအတွက်ပေးဆပ်ခဲ့တယ်။

ဒီလို သူငယ်ချင်းကောင်း တွေရခဲ့တဲ့
ငါတယောက်လဲ ကံကောင်းပါတယ်၊
ငါတိုတတွေဟာအခုအချိန်မှာမင်းပြောသလိုစွမ်းအင်ငတ်မွတ်နေတဲ့
ကမ္ဘာကြီးမှာလူသားအရင်းအမြစ်လဲငတ် မွတ်နေတယ်။

အရည်အချင်းနဲ့ပြည့်စုံတဲ့သူတွေလဲအများကြီးလိုအပ်နေမှာဘဲ။
ငါတိုရဲတံခွန်မှာမင်းပြောသလိုဘဲမျိုးဆက်သစ်တွေကိုနေရာပေးသင့်ပါတယ်။
ငါတို့အတွက်ကတော့အနာဂတ်ဆိုတာမရှိသလောက်ဘဲ။

တို့ရဲ့အနာဂတ်ကိုတိုးတက်ဖို့အတွက်ဘယ်သူ့ဆီမှာမှတာဝန်မရှိဘူး။
ငါတို့ရဲ့တန်ဖိုးရှိလှတဲ့ပညာတွေက
ိုငါတို့ဆီကနေအလကားနီးပါးဦးဏောက်ဖောက်စားခံနေရတဲ့ဘ၀ကနေ
လွန်မြောက်အောင်မင်းပြောသလိုဘဲလုတ် ရမှာဘဲသူငယ်ချင်း။

ငါကရဲတခွန်ကိုချစ်တယ်။ငါတို့ကိုပြုစု့ပျိုးထောင်ပေးခဲ့တဲ့နေရာဘဲ။
နောက်ပြီးတော့ကိုယ်ရဲ့ဗမာပြည်။
ကိုယ့်ရဲ့တိုင်းပြည်မှာ၊ဘယ်လောက်စိတ်ချမ်းသာမလဲ
ဲနောက်ပြီးတော့မင်းတို့ လိုအရည်အချင်းရှိတဲ့သူငယ်ချင်းကောင်းတွေ။

ဒါတွေကိုငါအရမ်းခင်တွယ်မိတယ်။
ငါတို့ဗမာတွေရဲ့အရည်အချင်းကိုအသိအမှတ်မပြု့တဲ့ဒီလိုနေရာမျိုးကို
မင်းပြောထားတဲ့
လိပ်စာတွေကိုဆက်သွယ်ပြီးငါမင်းတို့ဆီကိုလာခဲ့ပါမယ်သူငယ်ချင်း။

အဝေး မှာရောက်ရှိနေတဲ့သူငယ်ချင်းများအားလုံး
ကိုယ်စိတ်ချမ်းသာရှိ ကြပါစေလိုဆုတောင်းပါ တယ်။

မင်း တို ရဲ့ ………….

Prince

No comments: