08 March, 2008

ချောင်းသာ သို့ အလယ်တခေါက်….....


ချောင်းသာ သို့ အလယ်တခေါက် ရောက်ခဲ့စဉ်က..

ကျနော် တို့ အရမ်း ပျော် ခဲ့ကြတယ်..

ရဲတံခွန် မိသားစု ခရီး ပေါ့...

တဖြည်းဖြည်း နဲ့ မိတ်ဆွေကောင်း တွေ ..

သူတို့ ရဲ့ အနာဂတ် အတွက် ...

လှုပ် ရှား ရုံး ကန် နေ တော့ ဒီ လိုမျိုး ပြန် လည်တွေ့ ဆုံ ဖို့ အတော် ကို ခဲယဉ်း သွား မှာ ဧကန် မလွဲ ...

03 March, 2008

ကိုတွေ့  Telephone booth joke

လွန်ခဲ့ သော ၁၀ နှစ် ခန့် ကဖြစ်သည်…….
နိုင်ငံခြား သို့ ပထမဦး စွာ ရောက်ရှိ ခြင်း လဲဖြစ်သည်……

အများ သုံး တယ်လီဖုံး မှ တန်း စီပြီး ကိုယ့်အိမ် ကို တယ်လီဖုံးဆက်ရ သည်။
ရောက် လျှင်ရောက် ခြင်း ဖုံး ကဒ်ဝယ်ပြီး အိမ် ကို ဖုံး ဆက်ရန် သွားကြသည်…

ပထမ ဦးစွာ ကျနော့်အိမ် ကို ဆက်သည်။ အိမ်မှ တယ်လီဖုံးကိုင် လျှင် ကိုင်ချင်း၊ ဖုံး ကဒ်မှ ငွေကို အချိုးကျ အလိုအလျောက်နှုတ်သွား သည် ကို သတိထား မိ လိုက်သည်။အိမ်နှင့်ပြောပြီး သော အခါ… ကျနော့သူငယ်ချင်း ကို နေရာပေးပြီး ..

ကျနော့သူငယ်ချင်း အလည့်…..
သူသည် ကျနော့ဘက် လှည့်ပြီး ပြုံး ဖြီး ဖြီး လုပ် ကာ၊ တယ်လီဖုံးကိုင် ရင်း

“ YES !!! YES !!!” “ OK !!!! OK !!! “

ဟုပြူး ပြူး ပျာ ပျာ ပြော နေသည်……..

ဖုံးကဒ်မှ ပိုက်ဆံလည်းတပြား မှမလျော့…..ကျနော် က........ မင်း …ဘယ်သူနဲ့ပြောနေတာလဲလို့မေး သောအခါ ……….

မသိဘာဘူး ကွာ……. အိမ်ကိုဆက်တာ ဘယ်ရောက်သွား လဲမသိဘူး……………

ကောင်မလေး တယောက်ကွ….......ငါ့ ကို ပြောနေ လို့ ပြန်ပြော နေ ရ တယ်ကွ…..ဟဲ ဟဲ…

ကျွန်တော်လည်း အတော်ကို အံ့ဩ ပြီး တယ်လီဖုံး ကို ပြန် ကိုင်… သူငယ်ချင်းရဲ့ နံပတ်ကို ပြန် ခေါ် သော အခါ …. ကောင်မလေး အသံကြား ရ ပါ တယ်….. ကောင်မလေး ပြော နေ တာ က တော့….

The number you have dialed is busy now,…..please try again later…..

တဲ့………….