08 March, 2008

ချောင်းသာ သို့ အလယ်တခေါက်….....


ချောင်းသာ သို့ အလယ်တခေါက် ရောက်ခဲ့စဉ်က..

ကျနော် တို့ အရမ်း ပျော် ခဲ့ကြတယ်..

ရဲတံခွန် မိသားစု ခရီး ပေါ့...

တဖြည်းဖြည်း နဲ့ မိတ်ဆွေကောင်း တွေ ..

သူတို့ ရဲ့ အနာဂတ် အတွက် ...

လှုပ် ရှား ရုံး ကန် နေ တော့ ဒီ လိုမျိုး ပြန် လည်တွေ့ ဆုံ ဖို့ အတော် ကို ခဲယဉ်း သွား မှာ ဧကန် မလွဲ ...

03 March, 2008

ကိုတွေ့  Telephone booth joke

လွန်ခဲ့ သော ၁၀ နှစ် ခန့် ကဖြစ်သည်…….
နိုင်ငံခြား သို့ ပထမဦး စွာ ရောက်ရှိ ခြင်း လဲဖြစ်သည်……

အများ သုံး တယ်လီဖုံး မှ တန်း စီပြီး ကိုယ့်အိမ် ကို တယ်လီဖုံးဆက်ရ သည်။
ရောက် လျှင်ရောက် ခြင်း ဖုံး ကဒ်ဝယ်ပြီး အိမ် ကို ဖုံး ဆက်ရန် သွားကြသည်…

ပထမ ဦးစွာ ကျနော့်အိမ် ကို ဆက်သည်။ အိမ်မှ တယ်လီဖုံးကိုင် လျှင် ကိုင်ချင်း၊ ဖုံး ကဒ်မှ ငွေကို အချိုးကျ အလိုအလျောက်နှုတ်သွား သည် ကို သတိထား မိ လိုက်သည်။အိမ်နှင့်ပြောပြီး သော အခါ… ကျနော့သူငယ်ချင်း ကို နေရာပေးပြီး ..

ကျနော့သူငယ်ချင်း အလည့်…..
သူသည် ကျနော့ဘက် လှည့်ပြီး ပြုံး ဖြီး ဖြီး လုပ် ကာ၊ တယ်လီဖုံးကိုင် ရင်း

“ YES !!! YES !!!” “ OK !!!! OK !!! “

ဟုပြူး ပြူး ပျာ ပျာ ပြော နေသည်……..

ဖုံးကဒ်မှ ပိုက်ဆံလည်းတပြား မှမလျော့…..ကျနော် က........ မင်း …ဘယ်သူနဲ့ပြောနေတာလဲလို့မေး သောအခါ ……….

မသိဘာဘူး ကွာ……. အိမ်ကိုဆက်တာ ဘယ်ရောက်သွား လဲမသိဘူး……………

ကောင်မလေး တယောက်ကွ….......ငါ့ ကို ပြောနေ လို့ ပြန်ပြော နေ ရ တယ်ကွ…..ဟဲ ဟဲ…

ကျွန်တော်လည်း အတော်ကို အံ့ဩ ပြီး တယ်လီဖုံး ကို ပြန် ကိုင်… သူငယ်ချင်းရဲ့ နံပတ်ကို ပြန် ခေါ် သော အခါ …. ကောင်မလေး အသံကြား ရ ပါ တယ်….. ကောင်မလေး ပြော နေ တာ က တော့….

The number you have dialed is busy now,…..please try again later…..

တဲ့………….

05 February, 2008

သူငယ်ချင်းထံ ပြန်ပေးစာ(၁)

သူငယ်ချင်း အာသီသ၊

မင်းရဲ့စာကိုငါဖတ်ရပါတယ်။
မင်းအဆင်ပြေတယ်ဆိုလိုအရမ်းဝမ်းသာပါတယ်သူငယ်ချင်း။
ငါကိုသတိတယမင်းရဲ့ကိုယ်ပိုင်အချိန်တွေကိုသုံးပြီးစာတွေရေးတဲ့အတွက်လဲ
ဲကျေးဇူးအထူးတင်ပါတယ်။

ဒါပေမဲ့လည်းငါစာချက်ချင်းမပြန်ရေးနိုင်တာကိုတော့ခွင့်လွတ်စေချင်တယ်။
အကြောင်းတွေကတော
့ဒီမှာကမင်းတို့ရေးတဲ့စာတွေကိုငါတို့တွေဖတ်လို့ရအောင်မနည်း
ကြိုးစားရတယ်။
ပြန်ပြီးမင်းရဲ့ဘလော့ခ်မှာ ပြန်စာရေးဖို့ဆိုတာကတော့အတော်ကိုကြိုးစားရပါတယ်။

မင်းလဲသိပါတယ်။ ငါဆင်ခြေပေးတာတော့မဟုတ်ပါဘူး။တို့ ဆီမှာကဒီလိုဘဲမဟုတ်လား။
ငါမင်းတိုအတွက်အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်။မင်းတို့တတွေဟာကိုယ်ရဲ့ယုံကြည်
ရာကိုဆုံးဖြတ်ချက်သေသေချာချာချပြီး
အောင်မြင်အောင်သေသေချာချာလုပ်ကိုင်တတ်တဲ့အတွက်
ဒီလိုမျိုးမင်းတို့တတွေအောင်မြင်တာပေါ့။

နောက်တခုကအရေးအကြီးဆုံးဖြစ်
တဲ့မင်းတို့ ရဲ့စိတ်ဓါတ်။လေးစားပါတယ်သူငယ်ချင်း။
အရမ်းလေးစားပါတယ်သူငယ်ချင်း။

ငါမင်းတို့ပေးတဲ့အဆက်အသွယ်တွေနဲ့
မင်းတိုလိုဖြစ်အောင်ကြိုးစားပါမယ့်သူငယ်ချင်း။
ဒီလိုမျိုးဆက်သွယ်ပေးတာကိုကမင်းတိုတာဝန်ကျေပါတယ်။

မင်းသိပါတယ်တို့ ဗမာတွေဟာနိုင်ငံခြားကိုသွားဖို့ 
အတွက်ဝန်ဆောင်ခဆိုတာပေးရတယ်။
ဂျပန်ဆိုရင်အတော်ကိုပေးရတယ်လို့ငါကြားတယ်။
ဒီလိုဘဲတခြားနိုင်ငံတွေဆိုရင်လဲပေးရတာဘဲ။
ဒါကိုမင်းတို့ကခြေဖျက်ပြစ်လိုက်တာဘဲ။

ကိုယ့်ရဲ့ဗမာတွေ၊ဗမာပြည်ကသူငယ်ချင်းတွေကိုလမ်းဖွင့်ပေးလိုက်တာဘဲ။

ဒါမှငါတိုသူငယ်ချင်းတွေရဲ့မျိုးချစ်စိတ်ဓါတ်၊
ကိုရဲ့သူငယ်ချင်းတွေအလုပ်ကောင်းတွေရဖို့အတွက
်မင်းတို့ရဲ့ဘလော့ခ်တွေမှာအလုပ်ကြော်ငြာတွေနဲ့ ပြည့် နေခဲ့ တယ်။
မင်းတို့ ရဲ့ကိုယ်ပိုင်အချိန်တွေကို သူငယ်ချင်းတွေအတွက်ပေးဆပ်ခဲ့တယ်။

ဒီလို သူငယ်ချင်းကောင်း တွေရခဲ့တဲ့
ငါတယောက်လဲ ကံကောင်းပါတယ်၊
ငါတိုတတွေဟာအခုအချိန်မှာမင်းပြောသလိုစွမ်းအင်ငတ်မွတ်နေတဲ့
ကမ္ဘာကြီးမှာလူသားအရင်းအမြစ်လဲငတ် မွတ်နေတယ်။

အရည်အချင်းနဲ့ပြည့်စုံတဲ့သူတွေလဲအများကြီးလိုအပ်နေမှာဘဲ။
ငါတိုရဲတံခွန်မှာမင်းပြောသလိုဘဲမျိုးဆက်သစ်တွေကိုနေရာပေးသင့်ပါတယ်။
ငါတို့အတွက်ကတော့အနာဂတ်ဆိုတာမရှိသလောက်ဘဲ။

တို့ရဲ့အနာဂတ်ကိုတိုးတက်ဖို့အတွက်ဘယ်သူ့ဆီမှာမှတာဝန်မရှိဘူး။
ငါတို့ရဲ့တန်ဖိုးရှိလှတဲ့ပညာတွေက
ိုငါတို့ဆီကနေအလကားနီးပါးဦးဏောက်ဖောက်စားခံနေရတဲ့ဘ၀ကနေ
လွန်မြောက်အောင်မင်းပြောသလိုဘဲလုတ် ရမှာဘဲသူငယ်ချင်း။

ငါကရဲတခွန်ကိုချစ်တယ်။ငါတို့ကိုပြုစု့ပျိုးထောင်ပေးခဲ့တဲ့နေရာဘဲ။
နောက်ပြီးတော့ကိုယ်ရဲ့ဗမာပြည်။
ကိုယ့်ရဲ့တိုင်းပြည်မှာ၊ဘယ်လောက်စိတ်ချမ်းသာမလဲ
ဲနောက်ပြီးတော့မင်းတို့ လိုအရည်အချင်းရှိတဲ့သူငယ်ချင်းကောင်းတွေ။

ဒါတွေကိုငါအရမ်းခင်တွယ်မိတယ်။
ငါတို့ဗမာတွေရဲ့အရည်အချင်းကိုအသိအမှတ်မပြု့တဲ့ဒီလိုနေရာမျိုးကို
မင်းပြောထားတဲ့
လိပ်စာတွေကိုဆက်သွယ်ပြီးငါမင်းတို့ဆီကိုလာခဲ့ပါမယ်သူငယ်ချင်း။

အဝေး မှာရောက်ရှိနေတဲ့သူငယ်ချင်းများအားလုံး
ကိုယ်စိတ်ချမ်းသာရှိ ကြပါစေလိုဆုတောင်းပါ တယ်။

မင်း တို ရဲ့ ………….

Prince

31 January, 2008

ဆုတောင်း

ရဲတံခွန် ဆိုတဲ့ ရွှံတကဲမှာ၊
တို့ ညီအကိုတွေ အတူတူပါဘဲကွာ။

တယောက်ကဒီမှာ၊ တယောက်ကဟိုမှာ၊
နေရာဆိုတဲ့နာမည်လေးသာမတူတာပါ။

ကမ္ဘာသူကမ္ဘာသား၊လူအများထဲမှ၊
မြန်မာပြည်သားသူငယ်ချင်းများကို၊

ကို Prince တယောက်၊
ဘုရားစင်ရှေမှောက်၊
နေ့ စဉ်ရောက်၍၊
ဒူးကိုထောက်ကာ၊
ဆုတောင်းမေတ္တာ၊ပို့ သပါသည်၊
ကိုစိတ်ချမ်းသာ ရှိပါစေသော်ဝ်။

အဏ္ဏ၀ါ ကမ္ဘာ မှ ကဗျာ

အမိမဲ့သား
ရေနဲငါး။
အားကိုးစရာ
စာမျက်နှာ။
သို့ သော်ညား လည်း
စာမျက်နှာ။
အနေသာကြာ
မရေမရာ၊ သု့ စကား။
You are good man
Take it easy တဲ့လား။

အဏ္ဏ၀ါ ကမ္ဘာမှာ တော့ အားကိုးစရာက E-mail စာမျက်နှာ လေး တွေ နဲ့ ကျေနပ်နေကြရတယ်။အဲဒါက ဒီကဗျာ လေး ဖြစ်လာ တယ်။

17 September, 2007

Beautiful trees grow in beautiful country


Last a few months ago, I went up to upper Burma. When I saw that tree I can't help to take a snap shot. It was very beautiful , of all fruits also can be eaten, as for our Burmese people, we call it " Zee Pu Thi " I don't know how to call it in English nor scientific name.

15 September, 2007

The first time writing to public

Hello...

My blog will be ready in next a few days